song

Monday, December 8, 2014

★★ VISA ကဒ်ဖြင့် PAYPAL အကောင့်မှာ Verified ဖြစ်အောင်လုပ်နည်း(ပုံနှင့်ရှင်းပြ) ★★


ဒီနေ့မှာတော့ ကျွန်တော် VISA ကဒ်နဲ့ Paypal အကောင့်ကိုဘယ်လို Verified ဖြစ်အောင်ဘယ်လိုလုပ်
မလဲဆိုတာကိုရှင်းပြပါ့မယ်။အရင်ပိုစ့်တွေမှာတော့ Paypal အကောင့်ပြုလုပ်နည်းနဲ့ Webshopping ကဒ်
ဘယ်လိုလုပ်ရလည်းဆိုတာကိုရှင်းပြပြီးပါပြီ။ မသိရှိသေးတဲ့သူငယ်ချင်းတွေကတော့ တင်ပြီးပိုစ့်တွေမှာ
ပြန်ဖတ်ကြည့်ပါခင်ဗျာ...ကျွန်တော်တို့စကြရအောင်...(ဖတ်ရတာမရှင်းတဲ့ဘော်ဘော်တွေကတော့..
Youtube မှာတင်ပေးထားပါတယ်အောက်ကလင့်မှာနှိပ်ပြီးဝင်ကြည့်ပေးပါခင်ဗျာ..) 




ပုံ1

အရင်ဆုံး Paypal ကိုသွားလိုက်ပါ။ ပြီးရင် Profile ကနေ Link or Edit Bank Account ကိုနှိပ်ပါ။

ပုံ2
အခုလိုပေါ်လာရင် Bank Name မှာ မိမိဘဏ်အမျိုးအစားကိုရွေးလိုက်ပါ။ကျွန်တော်ကတော့ ကစီကွန်ဘဏ်
ကဒ်ဖြစ်တာကြောင့်သူ့ကိုရွေးထားပါတယ်။ပြီးရင် Account Number မှာ မိမိဘဏ်စာအုပ်ရဲ့အကောင့်
နံပါတ် 10 လုံးကိုထည့်ပေးလိုက်ပါ။ပြီးရင် Save ကိုနှိပ်ပါ။

ပုံ3
အခုလိုစာမျက်နှာပေါ်လာရင် Go to My Account ဆိုတဲ့ အောက်ဘက်ထောင့်ကဟာကိုနှိပ်ပါ။

ပုံ4 
ဒါကတော့ မိမိ Paypal အကောင့်လုပ်ထားတဲ့ အီးမေးလ်ကိုဖွင့်လိုက်ပါ အခုလိုစာအိပ်ရောက်နေပါမယ်။

ပုံ5 
ပြီးရင် Profile ကနေ Link or Edit Credit Card ဆိုတာကိုနှိပ်ပါ။

ပုံ6
အခုလိုပေါ်လာရင် အကောင့်ရဲ့နာမည်ပဲပြန်ထည့်ပါ။First Name နှင့် Last Name မှာပါ။ ပြီးရင်
Card Type မှာမိမိကဒ်အမျိုးအစားကိုရွေးပေးပါ။ Card Number မှာတော့အောက်ကပုံမှာပြထားတဲ့
မိမိ Visa ကဒ်ရဲ့ နံပါတ် 16 လုံးကို ထည့်သွင်းပေးပါ။ ပြီးရင် Date ကိုလည်း ကဒ်မှာပါတဲ့ Date ကို
ထည့်ပေးပါ။ ပြီးရင် Card Security Code ကတော့ အောက်ကပုံမှာကြည့်ပါ။ ပြီးရင်ထည့်ပေးလိုက်ပါ။
ပြီးရင် အောက်ဆုံးက ADD Card ကိုနှိပ်ပါ။

ပုံ7 
Card Number 16 လုံး

ပုံ8 
Card Security Code

ပုံ9 
Add Card ကိုနှိပ်လိုက်လို့ပြီးသွားရင်အခုလိုစာမျက်နှာပေါ်လာပါမယ်။ဒါဆိုရင်တော့ Confirm My Card
ဆိုတာကိုနှိပ်လိုက်ပါ။

ပုံ10 
ထပ်ပြီးတော့အခုလိုစာမျက်နှာပေါ်လာရင် Continue ကိုပဲဆက်နှိပ်သွားပါ။

ပုံ11
ဒီလိုပေါ်လာရင်တော့ မိမိအီးမေးထဲကို Paypal ကပို့လိုက်တဲ့စာတစ်စောင်ရောက်နေပါမယ်။ ဒီမှာတော့
Go to My Profile ဆိုကိုနှိပ်လိုက်ပါ။

ပုံ12
ဒါကတော့ မိမိအီးမေးလ်ထဲကိုရောက်နေတဲ့စာပါ။

ပုံ13 
မိမိ Visa ကဒ်ကို Web shopping ကဒ်လုပ်တုန်းက ဖုန်းနံပါတ်တစ်ခုထည့်ရပါတယ်။ Paypal ကိုအသုံး
ပြုတဲ့ဖုန်းနံပါတ်ပါ။ဒါကတော့ Web Shopping ကဒ်ပြုလုပ်နည်းထဲမှာပြောပြီးသွားပါပြီ။အဲ့ဒီ့ဖုန်းထဲကို
မက်စေ့စ် တစ်စောင်ရောက်လာပါမယ် Paypal ကပို့လိုက်တဲ့စာပါ။အခုမြင်တွေ့တဲ့အတိုင်းပါပဲ။ PP*နဲ့
Code ကြားမှာရှိနေတဲ့ နံပါတ် 4 လုံးကိုမှတ်ထားလိုက်ပါ။ Paypal က ပိုက်ဆံ 70 ဖြတ်တောက်သွားမယ်။
ဒါကြောင့်မိမိဘဏ်ကဒ်ထဲမှာအနည်းဆုံး ဘတ် 100 လောက်ရှိဖို့လိုအပ်ပါတယ်။

ပုံ14 
ခုနကရရှိတဲ့ နံပါတ် 4 လုံးကို ထည့်ပေးဖို့အတွက် Profile ကနေ Link or Edit Credit Card ကိုနှိပ်ပါ။

ပုံ15 
အခုလိုတွေ့မြင်ရပါမယ်။ Enter Paypal Code ဆိုတာကိုနှိပ်ပါ။

ပုံ16 
အခုလိုပေါ်လာပါ။ပေဓလာရင်ခုနကမှတ်ခိုင်းထားတဲ့ နံပါတ် 4 လုံးကိုထည့်ပေးလိုက်ပါ။ပြီးရင် Confirm
Card ဆိုတာကိုနှိပ်ပါ။
 
ပုံ17
ဒီလိုပေါ်လာရင် Close ကိုနှိပ်ပါ။

ပုံ18 
ဒါဆိုရင်ဒီလိုဖြစ်သွားပါမယ်။ ဒါဆိုရင် အပေါ်ဆုံးထောင့်မှာ My Account ဆိုတာကိုနှိပ်လိုက်ပါ

ပုံ19 
အခုဆိုရင်သူငယ်ချင်းတို့ရဲ့ Paypal အကောင့်တစ်ခုကအောင်မြင်စွာနဲ့ Verified ဖြစ်သွားပါပြီ....
အားလုံးပဲအဆင်ပြေကြပါစေ..

မရှင်းသူများအောက်မှာပေးထားပါတယ် အသံနဲ့သေချာစွာရှင်းပြပေးထားပါတယ်။



ကျွန်တော်တင်သမျှပိုစ့်တွေ Facebook ကနေရယူချင်တယ်ဆိုရင်  ဒီမှာ Like နှိပ်ပါ။
မန်ဘာဝင်ခဲ့ခြင်းဖြင့် ပိုစ့်အသစ်တင်တိုင်း မိမိ Gmail ထဲကိုတိုက်ရိုက်ရောက်ရှိမည်ဖြစ်ပါသည်။ 
ထို့ကြောင့်မန်ဘာဝင်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်။
  


Thank You For Downloading And Dont Forget to Clicking Once on a Ad Banner.
အဆင်ပြေတယ်ဆိုရင်တော့ကြော်ငြာများကို  ကလစ်ခဲ့ပါခင်ဗျာ။

 






★★နည်းပညာမြို့တော်ဖိုရမ်★★

 

No comments:

Post a Comment