![]() |
| ဟာယူးပိ မုန်တိုင်းရန်ကို ကြောက်လို စခန်းတွေမှာ ခိုလှုံကြသူများ (Credit: Reuters) |
အခုလောလောဆယ် မုန်တိုင်းကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ရပြီး အမှန်တကယ် ဘယ်နှစ်ယောက် သေဆုံးခဲ့ရသလဲ ဘယ်လောက် ပျက်စီးခဲ့သလဲဆိုတာကို သိရဖို့ အချိန်ယူရဦးမယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ မြို့တော် မနီလာဘက်ကို ဦးတည်သွားပေမယ့် ပြင်းအားတွေ တဖြေးဖြေး လျော့ကျသွားပြီ ဖြစ်ပါတယ်။
မုန်တိုင်း ဟာယူးပိ ဟာ မနှစ်တုန်းကပဲ ဟိုင်ယန်မုန်တိုင်း ဝင်ရောက်ခဲ့တဲ့ Tacloban ဒေသကို ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။
ဟိုင်ယန်မုန်တိုင်းကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူပေါင်း ၇၀၀၀ လောက် သေဆုံး၊ ပျောက်ဆုံးခဲ့ရပါတယ်။
ဟာယူးပိ မုန်တိုင်းအပြီးမှာတော့ လူအများအပြား ခိုလှုံရာနေရာကနေ တဆင့် ပျက်စီးနေတဲ့ အိုးအိမ်ဆီကို ပြန်လာကြပြီ ဖြစ်ပါတယ်။
မုန်တိုင်းက ထင်ထားသလောက် ပျက်စီးသေဆုံးမှုတွေ မများဘူးလို့လည်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။
ဒီမုန်တိုင်းဟာ တစ်နာရီလို လေပြင်းအား ၂၄၀ လောက်ရှိပြီး ကမ္ဘာ့အင်အားအကြီးမားဆုံး မုန်တိုင်းထဲမှာ ပါဝင်ပါတယ်။
ABC Radio Australia

No comments:
Post a Comment