song

Monday, December 29, 2014

ဆရာဝန်ကိုသတ်ပြီး ရတနာများ ယူဆောင်သွားမှု သာကေတတွင် ဖြစ်ပွား



ရန်ကုန် ဒီဇင်ဘာ ၂၉

ရန်ကုန်တိုင်း ဒေသကြီး သာ ကေတမြို့နယ် ၂/မြောက်ရပ်ကွက် ဇင်္ဂမလမ်းမကြီး အမှတ်(၇၄)တွင် ဖွင့်လှစ်ထားသော ရာဟုဆေးခန်း ပိုင်ရှင် ဒေါက်တာကြည်ဝင်း အသက် (၅၇)နှစ်သည် ယနေ့နံနက် ၁ဝ နာရီတွင် ယာဘက်မျက်လုံးဖူး ရောင်ပေါက်ပြဲ၍ ဦးခေါင်းတစ်ခု လုံးကြေမွကာ ကိုယ်လုံးတီးပက် လက်အနေအထားဖြင့် သေဆုံးနေ ကြောင်း သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဆွေက ပြောသည်။

ပြည်သူလူထု၏ သတင်းပေး ပို့ချက်အရ သာကေတမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းကျော်၊ သာ ကေတမြို့နယ်မြို့မရဲတပ်ဖွဲ့စခန်းမှူး ဒုရဲမှူးရွှေဇံ၊ ဒုတိယစခန်းမှူး ရဲ အုပ်မျိုးသက်ထွန်းနှင့် နယ်ထိန်း တပ်ဖွဲ့ဝင်များသွားရောက်စစ်ဆေးခဲ့ ကြရာတွင် သေဆုံးသူ၏ဘေးတွင် သွေးစွန်းနေသော လျှပ်စစ်မီးပူနှင့် ပစ္စည်းများရောနှောထုပ်ပိုးထား သော ပုဆိုးထုပ်တစ်ထုပ်၊ မီးခံ သေတ္တာမှာ ပွင့်လျက်အနေအထား ဖြင့်တွေ့ရှိရပြီး သေဆုံးသူမှာပက် လက်အနေအထားဖြင့် အဝတ် အစားများမရှိဘဲ ကိုယ်လုံးတီးဖြင့် တွေ့ရခြင်းဖြစ်ကြောင်း၊ တရားခံ၏ သဲလွန်စရှာနိုင်ရန် အင်းစိန်စီအိုင်ဒီ သို့အကြောင်းကြားထားပြီးဖြစ်ကာ ဒေါက်တာကြည်ဝင်းသည် အိမ် ထောင်မရှိ လူလွတ်ဖြစ်ကြောင်း သိရသည်။

ဒေါက်တာကြည်ဝင်းအသတ်ခံ ရမှုဖြစ်စဉ်နှင့်ပတ်သက်၍ ကနဦး တွေ့ရှိသူ ကိုမိုးကျော်တို့သားအဖ က ၄င်းတို့မိသားစုနှင့် ဒေါက်တာ ကြည်ဝင်းမှာ မိသားစုဆရာဝန် အဖြစ် နှစ်ပေါင်း ၂ဝ ကျော်ကြာ မြင့်ခဲ့ပြီဖြစ်ကြောင်း၊ ယနေ့နံနက် ၁ဝနာရီက ၄င်းနှင့် ဖခင်ဖြစ်သူတို့ သည် မိခင်ကြီးဆီးချိုအရမ်းတက် နေသဖြင့်ဆရာဝန်ပင့်ရန်လာရောက် ခြင်းဖြစ်ကြောင်း၊ အိမ်တံခါးကို အမြဲ သော့ခတ်ထားလေ့ရှိရာမှ ယခုတံခါးပွင့်နေ၍ သင်္ကာမကင်း ဖြစ်မိကြောင်း၊ နာရီဝက်ခန့်အော် ခေါ်သော်လည်း ဘာသံမှမကြားရ သဖြင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦး ခင်မောင်ဆွေထံ နံနက် ၁ဝ နာရီ ၄၂ မိနစ်တွင် ဖုန်းဆက်အကြောင်း ကြားပြီး ပတ်ဝန်းကျင်ရှိပြည်သူ များနှင့် ဝင်ရောက်စစ်ဆေးရာမှ ယခုကဲ့သို့တွေ့မြင်ရခြင်းဖြစ်ကြောင်း ရှင်းပြသည်။

အဆိုပါလူသတ်မှုကို သာကေ တမြို့နယ် မြို့မရဲတပ်ဖွဲ့စခန်းက ပ/၆၄ဝ/၁၄ ဖြင့်အမှုဖွင့် အရေးယူ ဆောင်ရွက်ကာ တရားခံအမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။

ဦးမှန်ကြီး(သာကေတ)

No comments:

Post a Comment