song

Thursday, November 20, 2014

သမီးကို သတ်ပစ်တယ်လို့ ယူဆရသူ အိန္ဒိယမိဘနှစ်ဦး အဖမ်းခံရ

အိန္ဒိယနိုင်ငံရဲ့ ​မြို့တော် ​ဒေလီမြို့မှာ ​သမီးကို ​သတ်ပစ်တယ်လို့ ​ယူဆရတဲ့ ​မိဘနှစ်ဦးကို ​ရဲတွေက ​ဖမ်းဆီး လိုက်ပါတယ်။

Bhawna ​Yadav ​ဆိုတဲ့ ​အမျိုးသမီးဟာ ​မိဘတွေ ​သဘောမတူတဲ့လူနဲ့ ​ခိုးလက်ထက်ခဲ့ပြီး ​ရက်ပိုင်းအတွင်း ​မှာပဲ ​သေဆုံးသွားတာ ​ဖြစ်ပါတယ်။

အဲဒီ ​လူငယ်နှစ်ယောက်ဟာ ​အမျိုးမတူတဲ့ ​ဇာတ်တွေကနေ ​ဆင်းသက်လာပြီး ​ပါတီပွဲမှာ ​တွေ့ခဲ့ကြတာ ​ဖြစ်ပါတယ်။

သဘောမတူတဲ့ ​လူကို ​လက်ထက်လို့ ​မိဘတွေက ​သမီးဖြစ်သူကို ​သတ်ပစ်တယ်လို့ ​သံသယရှိကြတဲ့ အတွက် ​ရဲတွေက ​မိဘကို ​ဖမ်းဆီးလိုက်တာ ​ဖြစ်ပါတယ်။

အိန္ဒိယ ​နိုင်ငံမှာ ​မျက်နှာပျက်အောင် ​လုပ်တဲ့ ​မိသားစုဝင်တွေကို ​မိသားစုနဲ့ ​ဆွေမျိုးတွေက ​သတ်ပစ်ကြတဲ့ ​အလေ့အထတွေ ​ဖြစ်လေ့ဖြစ်ထရှိပေမယ့် ​မြို့တော် ​ဒေလီမြို့လို ​မြို့ကြီး ​ပြကြီးနဲ့ ​လူလတ်တန်းစား၊ ​ပညာတတ် ​အသိုင်းအဝန်းမှာ ​ဖြစ်လေ့ဖြစ်ထ ​မရှိတဲ့အတွက် ​ဒီကိစ္စအပေါ် ​လူအများက ​အံ့အားသင့်နေကြပါတယ်။

ပါကစ္စတန်နိုင်ငံမှာလည်း ​မိဘက ​သဘောမတူတဲ့ ​ယောင်္ကျားကို ​ယူခဲ့တဲ့ ​ကိုယ်ဝန်သည် ​အမျိုးသမီးကို ​အစ်ကိုနဲ့ ​ဖခင်ဖြစ်သူအပြင် ​တစ်ဝမ်းကွဲနဲ့ ​အရင်ယောင်္ကျားက ​အုတ်ခဲနဲ့ ​ထုသတ်တဲ့ ​ဖြစ်ရပ် ​ဖြစ်ပေါ်ခဲ့တာကြောင့် ​အဲဒီလူ ​လေးဦးကို ​ပါကစ္စတန် ​တရားရုံးက ​သေဒဏ် ​ချမှတ်ခဲ့ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-21/1391899


မိသားစုအကြိုက် မလိုက်တဲ့ တချို့အမျိုးသမီးတွေက အက်ဆစ်နဲ့ အပက်ခံရတာတွေလည်း ဖြစ်လေ့ဖြစ်ထရှိပါတယ်။ (Credit: ABC)
သစ်ထူးလွင်အားကျေးဇူးတင်ပါသည်။

No comments:

Post a Comment