song

Friday, November 21, 2014

All Windows Bootable USB တစ်ခု အလွယ်ကူဆုံးဖန်တီးနည်း ဆော့ဝဲအင်စတော လုပ်စရာမလို (အပိုင်း ၁)



 မင်္ဂလာပါ
တနင်္ဂနွေနေ့က ဘော်ဒါတစ်ယောက် ၀င်းဒိုးတင်ရန်
 ရောက်လာပါတယ် ၀င်းဒိုးခွေလည်း ပါမလာဘူး၊ ကျနော်ကလည်း
မအားနေဘူး၊ အင်တာနက်လည်း အသင့်ရှိမနေဘူး
လာတင်တဲ့ ဘော်ဒါကလည်း အသဲအသန်..အဟ
မရဘူးကွာ... ခွေလည်းပါမလာ၊ USB ထဲမှာလည်း ၀င်းဒိုး
အသင့်ထည့်တားပြီးသားကရှိမနေ လူနှစ်ယောက်
ချွေးကိုပြန်နေကြတယ်။



နောက်ဒီလိုမျိုး မဖြစ်ရအောင်ဆိုပြီး
ဒီ ၀င်းဒိုးတွေကို USB မှာ အလွယ်တကူ Bootable လေးအဖြစ်
လုပ်ထားမှ သင့်တော်တယ်မယ်ဆိုတာကို သတိရသွားတာနဲ့
ကျန်တဲ့ဘော်ဒါတွေလည်း အဆင်ပြေသွားအောင်
ကျနော် ဒီပို့စ်လေးကို အပိုင်း (၁) အနေဖြင့် နားလည်သလို ရှင်းပြသွားမှာပါ။
ဘာဆော့ဝဲကိုမှ အင်စတော လုပ်စရာမလိုပါ၊ အခက်ကြီးမဟုတ်ဘူးဆိုပေမယ့်
မလုပ်ဖူးသေးတဲ့ ဘော်ဒါတွေအတွက်တော့ ကြိုးစားပြီး
လေ့လာစေချင်ပါတယ်ခင်ဗျား။

ကျနော်ရှင်းပြသွားမယ့်နည်းလမ်းလေးကတော့
ဆော့ဝဲတွေကို အင်စတော မလုပ်ပဲ Cmd အမျိုးအစားဖြစ်တဲ့
Command Prompt နည်းလမ်းအတိုင်း ရှင်းပြသွားမှာပါ။

၁။ မိမိမှာ အသင့်ရှိနေတဲ့ USB ကို ကွန်ပျူတာနဲ့ ချိတ်ဆက်လိုက်ပါ။
 (ဒီနေရာမှာ USB သည် အနည်းဆုံး 4GB ဖြစ်ရပါမည်)

၂။ Command Prompt ကိုဖွင့်ဖို့ရန် Window Key + R ကိုတွဲနှိပ်လိုက်ပါ။
အောက်က စာကြောင်းတွေအတိုင်း တစ်ခုချင်စီ ရိုက်ပေးလိုက်ပါ။
၃။ Command Prompt ထဲမှာ - diskpart လို့ရိုက်ထည့်ပြီး Enter ကိုခေါက်ပါ။
အောက်မှာပေးထားတဲ့ Command တိုင်းမှာ စာတစ်ကြောင်းရိုက်ပြီးတိုင်မှာ
Enter ကိုခေါက်ပါခင်ဗျာ။
 ၄။ list disk လို့ရိုက်ထည့်ပေးပါ။
(လို့ရိုက်ထည့်လိုက်ရင် ကျွန်တော်တို့
 Computer မှာတပ်ထားတဲ့ Disk တွေကိုပြပါလိမ့်မယ်)
 အဲဒီထဲကမှ USB Drive လေးကိုရွေးပေးပါ၊
(မိမိကွန်ပျူတာရဲ့ Disk မှာ စောနားက ချိတ်ဆက်ထားတဲ့ USB ကို ရွေးပေးရမှာပါ၊
ဥပမာ USB က Disk 1 ဆိုရင် -select disk 1)
အောက်ကပုံကိုကြည့်ပါ။
 ၅။ Clean လို့ရိုက်ပေးပါ။
၆။ Create partition primary လို့ရိုက်ထည့်ပါ။
၇။ Select partition လို့ရိုက်ထည့်ပါ။
၈။ Active လို့ရိုက်ထည့်ပါ။
 ၉။ format fs=ntfs လို့ရိုက်ထည့်ပါ။
စာလုံးပေါင်းမမှားပါစေနဲ့ အသေအချာကြည့်ရိုက်ပါ။
မိမိရဲ့ USB Storage (၀င်ဆန့်အား) ပေါ်မူတည်ပီး format ချတာ ကြာပါလိမ့်မယ်။
 ၁၀။ Format ချပြီးရင်တော့ assing လိုရိုက်ထည်ပါ။
(Format ချတာအားလုံးပြီးမှာ စာရိုက်ထည့်ပါ)
၁၁။ Exit လို့ရိုက်ထည့်ပြီး ထွက်လိုက်ပါ။
Command Prompt ကို Close နဲ့ပိတ်လိုက်ပါ။

ကဲဒီတစ်ခါ Window ခွေထဲက ရှိသမျှ Files တွေအားလုံးကို
 စောစောက USB Drive ထဲကိုကူးထည့်လိုက်ပါ။
အားလုံးပီးသွားပီဆိုရင်တော All Windows Bootable USB တစ်ခုကိုပိုင်ဆိုင်သွားပါပြီဗျာ။

 ...အားလုံးပဲ OS တွင်ပျော်၍ တော်နိုင်ကြပါစေ...
...ဘ၀အမောတွေလည်းပြေနိုင်ကြပါစေဗျာ...
...အားလုံးကို ခင်မင်လေးစားလျှက်...


အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
from pyeaphyo

No comments:

Post a Comment