song

Thursday, November 13, 2014

ကမ္ဘာ့အရပ်အပုဆုံးနှင့်အရပ်အမြင့်ဆုံးလူနှစ်ဦးတွေ့ပြီ

ကမ္ဘာ့အရပ်အပုဆုံးနှင့်အရပ်အမြင့်ဆုံးလူနှစ်ဦးတွေ့ပြီ

လန်ဒန်မြို့မှာ ​ပြုလုပ်တဲ့ ​Guinness ​World ​Records ​ကနေ ​ကြီးမှူးတဲ့ ​အခမ်းအနား တစ်ခုအတွင်း ​ကမ္ဘာ့ ​အရပ် ​အပုဆုံးနဲ့ ​အရပ် ​အမြင့်ဆုံး ​လူသားနှစ်ဦး ​တွေ့ဆုံခဲ့ ကြပါတယ်။

ကမ္ဘာတလွှားက ​ထူးဆန်းတဲ့ ​လူသားတွေ ​စုပေါင်းပြီး ​Guiness ​World ​စံချိန် ​တင်နိုင်ဖို့အတွက် ​Guiness ​World ​Records ​Day ​နေ့မှာ ​ဆုံကြတာ ​ဖြစ်ပါတယ်။



အဲဒီအထဲမှာ ​အရပ်အရှည်ဆုံး ​လူသား ​Sultan ​Kosan ​နဲ့ ​ကမ္ဘာ့အရပ် ​အပုဆုံးလူသား ​Chandra ​Bahadur ​Dangi ​တို့ ​ပါဝင်ပါတယ်။

Kosen ​ဟာ ​တူရကီနိုင်ငံသား ​ဖြစ်ပြီး ​အရပ် ​၂.၅၁ ​မီတာ ​ရှိနေချိန်မှာတော့  ​နီပေါနိုင်ငံသား ​Dangi ​ကတော့ ​အရပ် ​၅၅ ​စင်တီမီတာသာ ​ရှိပါတယ်။
Video: ​Harlem ​Globetrotters ​player ​sets ​record ​for ​longest ​backwards ​basketball ​shot

ဓာတ်ပုံမှာ ​မြင်ရတာကတော့ ​အသက် ​၃၁ ​နှစ်အရွယ် ​လယ်သမား ​Kosen ​က ​အသက် ​၇၄ ​နှစ်အရွယ် ​Dangi ​ကို ​ကုန်းပြီး ​နှုတ်ဆက်နေတဲ့ ​ပုံပဲ ​ဖြစ်ပါတယ်။

လန်ဒန်မြို့က ​ပါလီမန်ရှေ့မှာ ​ရိုက်ထားတဲ့ ​ပုံပါ။

Dangi ​နဲ့ ​မတွေ့ရခင်မှာ ​သူ့ရဲ့ ​ခြေထောက် ​ဘယ်လောက်နားအထိ ​ရောက်မလဲ၊ ​ဘယ်အရွယ် ​ရှိမလဲဆိုတာကို ​စိတ်ကူးယဉ်ခဲ့ပြီး ​တကယ်တွေ့တဲ့အခါမှာတော့ ​အရမ်းကို ​သေးငယ်တာကို ​တွေ့ခဲ့ရတယ်လို့ ​Kosen ​က ​ပြောပါတယ်။

အဲဒီလောက် ​သေးငယ်တဲ့ ​ပုဂ္ဂိုလ်ကို ​ကုန်းကွပြီး ​နှုတ်ဆက်ရတာက ​ခက်ခဲတယ်လို့လည်း ​ပြောပါတယ်။

အရပ်ရှည်လွန်းတဲ့အတွက် ​ကြာကြာ ​မတ်တတ်ရပ်ဖို့ ​ခက်ခဲသလို ​ကုန်းတဲ့အခါမှာလည်း ​ခက်ခဲတယ်လို့ ​သိရပါတယ်။

Kosen ​ဟာ ​ကမ္ဘာ့ ​အရပ် ​အမြင့်ဆုံး ​လူသား ​ဖြစ်သလို ​သူ့ရဲ့ ​လက်ဖဝါးဟာလဲ ​28.5 ​စင်တီမီတာရှိတဲ့အတွက် ​ကမ္ဘာ့အကြီးမားဆုံး ​လက်ဖဝါးကို ​ပိုင်ဆိုင်သူလည်း ​ဖြစ်ပါတယ်။

Guinness ​အနေနဲ့ ​ကမ္ဘာ့ထူးဆန်းတဲ့ ​လူသားတွေကို ​စာရင်းပြုစုလာတာ ​အခုဆိုရင် ​နှစ်ပေါင်း ​၆၀ ​ရှိသွားပြီ ​ဖြစ်ပါတယ်။

ABC Radio Australia
http://www.radioaustralia.net.au/burmese/2014-11-14/1389481

တူရကီနိုင်ငံသား ကမ္ဘာအရပ် အမြင့်ဆုံးလူသား Sultan Kosen ကို နီပေါနိုင်ငံသား Chandra Bahadur Dangi နဲ့ တွေ့ရစဉ် (Credit: AFP)
ကိုးကား(သစ်ထူးလွင် မှတဆင့်ကူးယူထားပါသည်။)

No comments:

Post a Comment